Saturday, December 12, 2015

ဣဿာမစ္ဆရိယ

##‪#‎ဣဿာ‬၊မစ္ဆရိယ ဆရာကြီး ဦးရွှေအောင် ရဲ့ ဘဝအကျဉ်းသား စာအုပ်လေးထဲမှာ လူဟာ ကောင်းမှုလုပ်ရင်လုပ်၊ဒါမှမဟုတ်ရင်တော့ မကောင်းမှု တစ်ခုခုတော့ တွေးတောကြံစည်နေမိသတဲ့။ ထားပါတော့လေ။အခုဟာက အနက်ဖွင့်ထားတာလေးကိုသဘောကျလို့ပါ။ ဣဿာ - ပြိုင်ဆိုင်ခြင်းသဘောအရ သူတစ်ပါးက မိမိထက် " သာ " သွားမှာကို စိုးရိမ်သည်။မနာလိုဖြစ်၏။မိမိထက် "သာ " သွားမှာကိုစိုးရိမ်ခြင်း၊မနာလိုခြင်း ကို "ဣဿာ "ဟုခေါ်၏။ မစ္ဆရိယ - အကျဉ်းအားဖြင့် ပစ္စည်းဥစ္စာများ "လာဘ "။အများ၏ အလေးအမြတ်ပြုမှုများ "သက္ကာရ "။ထင်ပေါ်ကျော်စောမှု များ "သိလောက "ဟူသမျှကို မရလေအောင် တနည်းနည်းဖြင့် ပြောင်ပြောင်တင်းတင်းဖြစ်စေ၊သွယ်ဝိုက်၍ဖြစ် စေ ပြုလုပ်၏။ဤသို့ပြုလုပ်ခြင်းကို ဝန်တိုခြင်း " မစ္ဆရိယ "ဟုခေါ်၏။ လို့ ဆရာကြီးက ဆုံးမထားတာဖတ်ရတယ်။ အင်မတန်ရှင်းလင်းလွယ်ကူစွာနားလည်စေပါတယ်။ ‪#‎ကျွန်တော့ရင်ထဲမှာတော့ကလေး‬ ဘဝထဲက စွဲလာတဲ့ အက်ဆေးတစ်ပုဒ်ရှိတယ်။ဆရာဦးဝင်းမွန်ရေးတဲ့ " ဆားဒယ် "ပါ။ကလေးတို့ သဘာဝချောင်းထဲမှာ ဆားချက်တဲ့ ဒယ်ကိုစီးတဲ့ အကြောင်းလေးပေါ့ဗျာ။ဆားဒယ် ဆိုတော့ အသွားနှေးတယ်လေ။လှေကလေးတွေ ကျော်တက်သွားတော့ လက်ပြကျန်ခဲ့ပြီးပျော်နေတာပါပဲတဲ့။ အသက်ကြီးလာတော့ လုပ်ရည်ကိုင်ရည်အတူတူ ဖြစ်ပါလျှက် သူကတော့ရာထူးတွေ တိုးပြီး ငါကတော့ကျန်ခဲ့ တယ်ဆိုပြီး မနာလိုဝန်တို ဖြစ်မိတာပေါ့။အဲဒီလိုစိတ်လေးဖြစ်လာတဲ့ အခါကြတော့ မှ ကလေးဘဝက ဆားဒယ် စီးခဲ့တာကို အမှတ်ရမိတယ်။ မိမိစီးနေသော ဆားဒယ်ကိုလှေကလေးတွေ ကျော်တက်တော့ ဝမ်းသာအားရ ဖြစ်ခဲ့ သလို အခုလဲ စိတ်ကိုဘာလို့ မထားနိုင်ရမှာလဲ ဟု မိမိကိုယ်မိမိဆုံးမသော အက်ဆေးကောင်းလေးပါ။ အက်ဆေးဖတ်ခဲ့စဉ်တုံးကတော့ မနာလိုဝန်တို စိတ်၏ အပြစ်ကို မသိသေးသောအရွယ်ပေါ့ဗျာ။အခုတော့ ကျွန်တော်ကျောင်းတက်စဉ်က ရန်ကုန်တက္ကသိုလ် မြန်မာစာဌာ၏ဌာနမှူး၊ကျွန်တော့ဆရာကြီးအား သတိ ရနေမိတော့သည်။

သီတာဒေဝီ

### သီတာဒေဝီ ရာမာယဏဇာတ်ဆိုလူတော်တော်များများသိကြပါတယ်။အထူးမိတ်ဆက်စရာမလိုတော့ပါဘူးဗျာ။ အခုပြောချင်တာက သီတာဒေဝီ အကြောင်းလေးပါ။ ရာမ ဇာတ်မှာက အချစ်ရှုံးသမား ဒဿဂီရိ ဆိုပြီး ဂုဏ်ပြုကြတာ အသဲကွဲသမား ကိုကျန်ရစ်တို့ပါပဲ။တစ်ကယ်လဲ ဟုတ်နေတာ ဆိုတော့ ပြောစရာ မရှိပါဘူးလေ။ ခက်တာက သီတာ မင်းသမီးလေးကို ပြောကြဆိုကြ သုံးသပ်ကြတာ တစ်မျိုးကြီး ဖြစ်နေသလားလို့ပါဗျာ။ ဒဿဂီရိကို ပဲ စွဲလမ်းနေသလိုလို၊ချစ်နေသလိုလို ပြောကြတာတွေ့ရတယ်ဗျာ။တစ်ချို့ကလည်း ဒဿဂီရိက သီတာ ကို ခိုးသွားတော့ သီတာမင်းသမီးလေး ဒဿ အပေါ် စိတ်ရိုင်ချင်သလိုလို ပြောတာလဲ ရှိသေး သဗျ။ သီတာမင်းသမီးလေး က ဒဿဂီရိ ပုံကိုဆွဲနိုင်တာ ချစ်နေလို့ပေါ့ ဆိုတာလည်း တွေ့မိသေးရဲ့။ ဒီဇာတ်လမ်းမှာ ဒဿ ကို ရာမ က သတ်နိုင်လိုက်ပြီး သီတာကို ခေါ်ယူပါတယ်။သို့သော် ရာမက သီတာကို သံသယဝင်သည့်အတွက် သီတာ သစ္စာပြုပြီးမီးပုံတွင်းသို့ဆင်းကာ မိမိ၏စင်ကြယ်မှုကို သက်သေထူသည်။ "သီတာ ကိုမီးမလောင်ကြောင်းတွေ့ရသည်။ရာမက သီတာကို မိမိသံသယမရှိကြောင်း၊ပြည်သူတို့မြင်သာအောင် သက်သေထူခြင်းသာဖြစ်ကြောင်း ကြေငြာပြီး အယုဒ္ဓယပြည်သို့ပြန်ကြသည်။ " ရာမက သီတာကိုပြန်လည်သိမ်းပိုက်သည်ကို ပြည်သူများက မကျေနပ်ကြောင်း ကြားရ၍ ရာမက မကောင်းသော နမူနာပြရာရောက်မည် စိုးသဖြင့် သီတာအား တောထဲသို့ ခေါ်၍ စွန့်ပစ်ရန် လက္ခဏ ကို အမိန့်ပေးသည်။သီတာလည်း ရသေ့ကြီးထံခိုလှုံ၍ နေရင်း ရာမ နှင့်ရသော သားတော်နှစ်ယောက်ဖွားမြင်သည်။ ရသေ့ကြီးသည် (၇) နှစ်ကြာသောအခါ ရာမ မင်းအား သီတာတွင်အပြစ်မရှိကြောင်းနှင့်ရာမနှင့်ရသောသားနှစ် ယောက်ရပြီဖြစ်ကြောင်းရှင်းပြသည်။ရာမက သီတာ အပြစ်ကင်းစင်ကြောင်း ကိုယ်တိုင်သစ္စာပြုရန်ပြောသည်။ "သီတာ က မျက်လွှာချ၍ မိမိသည် ရာမမှတစ်ပါး အခြားယောက်ျားကို စိတ်ဖြင့်ပင် မပြစ်မှားမိကြောင်း၊ရာမ မင်းအပေါ်၌ ကံသုံးပါးလုံး သစ္စာတည်ကြောင်းပြောဆိုပြီး။ဤသစ္စာမှန်ပါက မြေနတ်သမီးလာရောက်၍မိမိကိုဆောင်ယူသွားပါစေသတည်းဟု သစ္စာပြုရာ မြေအက်ကွဲ၍မြေနတ်သမီးပေါ်လာပြီး သီတာကိုပွေ့ဖက်ကာမြေထဲသို့ပြန်ဝင်သွားသည် " ဒီဇာတ်ကိုကြည့်ရင် ရာမ မင်းသားက လူသူတော်ကောင်းဆိုရင် ဒဿဂီရိက ပြိုင်ဖက် ဗီလိန်ပေါ့ဗျာ။အကောင်းနဲ့အဆိုး၊အမှန်နဲ့အမှား အားပြိုင်မှုတွေနဲ့အင်မတန်ကောင်းတဲ့ဇာတ်ပေါ့ဗျာ။ ကျွန်တော်ပြောချင်တာက မယ်သီတာပါ။သူက တစ်ကယ်တော့သစ္စာတရားရဲ့ပြရုပ်ပါ။သစ္စာတရားကိုဖော်ကျူးဖို့နှစ်ကြိမ်တိုင်တိုင်သစ္စာဆိုပြီးသူ့ရဲ့သစ္စာတရားမှန်ကန်ကြောင်းပြရတဲ့ မိန်းမတစ်ယောက်ရဲ့သစ္စာတရား အလှကို ဖော်ညွှန်းတဲ့ ပြရုပ် လို့ဆိုချင်ပါတယ်ဗျာ။