Saturday, December 12, 2015
ဣဿာမစ္ဆရိယ
###ဣဿာ၊မစ္ဆရိယ
ဆရာကြီး ဦးရွှေအောင် ရဲ့ ဘဝအကျဉ်းသား စာအုပ်လေးထဲမှာ လူဟာ ကောင်းမှုလုပ်ရင်လုပ်၊ဒါမှမဟုတ်ရင်တော့ မကောင်းမှု တစ်ခုခုတော့ တွေးတောကြံစည်နေမိသတဲ့။
ထားပါတော့လေ။အခုဟာက အနက်ဖွင့်ထားတာလေးကိုသဘောကျလို့ပါ။
ဣဿာ -
ပြိုင်ဆိုင်ခြင်းသဘောအရ သူတစ်ပါးက မိမိထက် " သာ " သွားမှာကို စိုးရိမ်သည်။မနာလိုဖြစ်၏။မိမိထက် "သာ " သွားမှာကိုစိုးရိမ်ခြင်း၊မနာလိုခြင်း ကို "ဣဿာ "ဟုခေါ်၏။
မစ္ဆရိယ -
အကျဉ်းအားဖြင့် ပစ္စည်းဥစ္စာများ "လာဘ "။အများ၏ အလေးအမြတ်ပြုမှုများ "သက္ကာရ "။ထင်ပေါ်ကျော်စောမှု
များ "သိလောက "ဟူသမျှကို မရလေအောင် တနည်းနည်းဖြင့် ပြောင်ပြောင်တင်းတင်းဖြစ်စေ၊သွယ်ဝိုက်၍ဖြစ်
စေ ပြုလုပ်၏။ဤသို့ပြုလုပ်ခြင်းကို ဝန်တိုခြင်း " မစ္ဆရိယ "ဟုခေါ်၏။ လို့ ဆရာကြီးက ဆုံးမထားတာဖတ်ရတယ်။
အင်မတန်ရှင်းလင်းလွယ်ကူစွာနားလည်စေပါတယ်။
#ကျွန်တော့ရင်ထဲမှာတော့ကလေး ဘဝထဲက စွဲလာတဲ့ အက်ဆေးတစ်ပုဒ်ရှိတယ်။ဆရာဦးဝင်းမွန်ရေးတဲ့
" ဆားဒယ် "ပါ။ကလေးတို့ သဘာဝချောင်းထဲမှာ ဆားချက်တဲ့ ဒယ်ကိုစီးတဲ့ အကြောင်းလေးပေါ့ဗျာ။ဆားဒယ်
ဆိုတော့ အသွားနှေးတယ်လေ။လှေကလေးတွေ ကျော်တက်သွားတော့ လက်ပြကျန်ခဲ့ပြီးပျော်နေတာပါပဲတဲ့။
အသက်ကြီးလာတော့ လုပ်ရည်ကိုင်ရည်အတူတူ ဖြစ်ပါလျှက် သူကတော့ရာထူးတွေ တိုးပြီး ငါကတော့ကျန်ခဲ့
တယ်ဆိုပြီး မနာလိုဝန်တို ဖြစ်မိတာပေါ့။အဲဒီလိုစိတ်လေးဖြစ်လာတဲ့ အခါကြတော့ မှ ကလေးဘဝက ဆားဒယ်
စီးခဲ့တာကို အမှတ်ရမိတယ်။ မိမိစီးနေသော ဆားဒယ်ကိုလှေကလေးတွေ ကျော်တက်တော့ ဝမ်းသာအားရ ဖြစ်ခဲ့ သလို အခုလဲ စိတ်ကိုဘာလို့ မထားနိုင်ရမှာလဲ ဟု မိမိကိုယ်မိမိဆုံးမသော အက်ဆေးကောင်းလေးပါ။
အက်ဆေးဖတ်ခဲ့စဉ်တုံးကတော့ မနာလိုဝန်တို စိတ်၏ အပြစ်ကို မသိသေးသောအရွယ်ပေါ့ဗျာ။အခုတော့
ကျွန်တော်ကျောင်းတက်စဉ်က ရန်ကုန်တက္ကသိုလ် မြန်မာစာဌာ၏ဌာနမှူး၊ကျွန်တော့ဆရာကြီးအား သတိ
ရနေမိတော့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment